Saturday, March 13, 2010

အို...အို...မိခင်





အို...အို...မိခင်
ကော့လန်ကော့လန်...ခြေဖြင့်ကန်လည်း
ဒေါမာန်မပါ...ချစ်မျက်နှာနှင့်
ကျုံးကာရစ်ပတ်...မွှေးခဲ့ရှာ၏ ။
အော့အန်အော့အန်...တံတွေးလျံဖြင့်
ထွေးပြန်သော်လဲ...ချစ်ပိုက်ကဲ၍
စိုရွှဲနှပ်ရေ...ပါးစပ်ပေအောင်
ကပ်လေစုပ်ကာ...လွေးခဲ့ရှာ၏ ။
ဆော့ပြန်ဆော့ပြန်...မျောက်သဏ္ဍန်လို
ခံနိုင်စရာ...မရှိပါအောင်
ဝတ်တာကိုဖြဲ...ထည့်တာခွဲလည်း
သည်းညီးခံကာ...ကျွေးခဲ့ရှာသည်။
ပေါ့တန်ပေါ့တန်...ပြောမခံလည်း
ချော့ဟန်ချောက်ဟန်...မေတ္တာမှန်ဖြင့်
ဘေးရန်ကင်းပ...ချမ်းမြအေင်ပေ
အမေစိတ်နဲ့...မှေးသိပ်ရှာ၏ ။

No comments:

Post a Comment