Friday, August 20, 2010

Saturday, July 3, 2010







Shakira’s Waka Waka Lyrics

You’re a good soldier
Choosing your battles
Pick yourself up
And dust yourself off
And back in the saddle

You’re on the frontline
Everyone’s watching
You know it’s serious
We’re getting closer
This isnt over

The pressure is on
You feel it
But you’ve got it all
Believe it

When you fall get up
Oh oh…
And if you fall get up
Oh oh…
Tsamina mina
Zangalewa
Cuz this is Africa

Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
This time for Africa

Listen to your god
This is our motto
Your time to shine
Dont wait in line
Y vamos por Todo

People are raising
Their Expectations
Go on and feed them
This is your moment
No hesitations

Today’s your day
I feel it
You paved the way
Believe it

If you get down
Get up Oh oh…
When you get down Get up eh eh…
Tsamina mina zangalewa
This time for Africa

Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
Anawa aa

Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
This time for Africa






ဒီသီချင်းကို အဘိုးစိုင်းအောင်ဆီကသွားပြီး Copy လုပ်လာတာပါ အားတော့နာပါတယ်..........

Sunday, May 16, 2010

ရေ အကူအညီပေးဖို့ မေတ္တာရပ်ခံစာ ...



သောက်ရေ သုံးရေ အခက်အခဲ ဖြစ်နေတဲ့ ရွာတွေ၏ အခြေအနေ တခုကို တင်ပြလိုပါတယ်။ မြန်မာပိုင် အထက်ပိုင်း အညာဒေသမှာ နေအပူချိန်က ၄၅ ဒီဂရီကနေ ၄၈ ဒီဂရီအထိ ပူချိန်က စံချိန်တင်နေပြီးနေတာလည်း ပိုရှည်လိုဖြစ်တာကြောင့် ရေတွင်းရေကန်းတွေမှာ ရေတွေ ခန်းခြောက်သွားလို့ ဒေသခံတွေအတွက် ရေအခက်အခဲ ဖြစ်နေပါတယ်။ လူတွေအပါအ၀င် ကျွဲးနွား သိုး ဆိတ် မြင်းတွေပါ ရေရှားပါးလို့ အတော်ကို အခက်ဖြစ်နေပါတယ်။ ဒီအတိုင်းဆိုရင် တိရိစ္ဆာန်တွေသာမက လူတွေပါ ဘေးအန္တရာယ် ဖြစ်နေပါတယ်။

အထူးသဖြင် မုံရွာခရိုင် ချောက် မြင်းခြံ ပခုက္ကူ ကျောက်ပန်းတောင်းနှင့် ရေနံချောင်းဒေသက ကုန်းတွင်းကျတဲ့ ရွာတွေမှာ ပိုပြီး အ ခက်အခဲ ဖြစ်နေပါတယ်။ ရွာသူရွာသားတွေ အားထားရတဲ့ ရေကန်တွေ ခန်းခြောက်သွားတဲ့အပြင် ရေးတွင်းတွေမှာလည်း သိသိ သာသာ ရေတွေ ခန်းကုန်တာမို့ သောက်သုံးရေးအတွက် ဝိုင်းဝန်း ကူညီပေးရန် မေတ္တာရပ်ခံလိုပါတယ်။

အထူးသဖြင့် မုံရွာ ခရိုင်းအတွင်းရှိ မုံရွာမြို့နယ်အတွင်းက ကျောင်းကုန်း သာစည် ကံပြားစသည့် အရပ်ဒေသများ။ ဆာလင်းကြီးမြို့ နယ် အတွင်းက ကံကုန်း ဒုန်းတော တယ်ပင်ခံ တောင်ပလူရွားများနှင့် ယင်းမာပင်မြို့နယ် အတွင်းက ဆည်လောင် ကျောက်ပြုတ် သကြားစက် စသည့် ရွာများမှာ ရေအခက်အခဲ ဖြစ်နေပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ စိတ်ချရမည့် လူငယ်တွေ ဖြစ်တာကြောင့် ရေအကူအညီ ရေလှူဒါန်းမည်ဆိုပါက တာဝန်ခံဆောင်ရွက် ကူညီ ပေးနိုင်မည့်သူ ရှိသည့်အပြင် အလှူငွေကြေးနှင့် လိုအပ်တဲ့သူတွေထံရေကို အမြန်ဆုံး ရရှိအောင် လှူဒါန်းပေးရန် ဆန္ဒရှိပါသည်။ အ လှူငွေစာရင်းနှင့် ကုန်ကျစရိတ် ပြေစာဖြတ်ပိုင်းနှင့် ဓာတ်ပုံ အထောက်အထားများကိုလည်း စနစ်တကျဖြင့် လှူဒါန်းမည် အလှူရှင် များသိရှိစေရန် တင်ပြပေးရန် စီစဉ်ပေးနိုင်ပါသည်။

ဘယ်ရွာတွေကို ဘယ်နေ့က ဘာတွေ ဘယ်လောက် လှူဒါန်းခဲ့ကြောင်း ဘယ်သူတွေက တာဝန်ခံ ကူညီလုပ်ဆောင်ခဲ့ကြောင်းတွေ နှင့် လူဘယ်နှစ်ဦး မိသားစု ဘယ်နှစ်ကို ကူညီပြီး ဘယ်ရွာတွေမှာ ရေ အကူအညီတွေ ပေးခဲ့ကြောင်း စနစ်တကျ အကြောင်း ပြန်ပေး မည် ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း ရေကို လှူတဲ့အခါမှာလည်း ရေသန့်ဘူးတွေကို မြို့ကနေ ဝယ်ပြီး ကားတွေနှင့် သွားလှူတာမျိုး မဟုတ်ပဲ ကုန်ကျစရိတ် သက်သာတဲ့အပြင် ရေလည်းများများရအောင် ပလိပ်စတိတ် ဗူး ၃ ဂါလံ ၅ ဂါလံ ဗူးအခွံတွေကို ဝယ်ပြီး အနီးတဝက်မှာ ရှိတဲ့ ယင်းမာချောင်းကနေလည်းကောင်း ချင်းတွင်းမြစ်ကနေလည်းကောင်း ရေတွေကို ဗူးတွေထဲမှာ ထည့်ပြီး ထွေလာဂျီတွေ လှည်း တွေဖြင့် ရေအခက်အခဲရှိနေဖြစ်နေတဲ့ ရွာတွေကို သွားရောက်လှူဒါန်းလျင် ကုန်ကျငွေ သက်သာတဲ့အပြင် ဒေသအတွင်းမှာရှိတဲ့ ရေအရင်းအမြစ်ကို အခြေခံပြီး ဒေသခံတွေ၏ ပါဝင်မှုတွေ လုပ်အားတွေဖြင့်ဆိုရင် ပိုပြီး လူ များများကို ရေများများ အကုန်ကျစရိတ် သက်သာစွာဖြင့် ကူညီပေးနိုင်မည် ဖြစ်ပါသည်။ တချိန်တည်းမှာ ဒေသအတွင်းရှိ လူငယ်လူရွယ်လေးတွေ၏ ပါဝင်မှုကိုပါ ရရှိမှာ ဖြစ်တဲ့အတွက် ဆိုင်ကနေ ရေသန့်ဘူး ဝယ်ပြီး ပေးခဲ့တာထက်ရေရှိတဲ့ အရပ်ကနေ ရေ မရှိတဲ့အရပ်ကို ရေတွေ ကူညီပေးနိုင်အောင် ဗူးတွေဖြင့် ရေဖြည့်ပြီး လူဒါန်းခြင်းက ရေရှည်လည်း ခံမည်။ ရွာတွေအတွင်းမှာလည်း လူငယ်တွေအကြား အချင်းချင်း ကူညီ ၀ိုင်းဝန် ရမည်ဆိုသည့် အသိအပြင် သူတို့ဒေသ၏ အခက်အခဲကို သူတို့ကိုင်တိုင် တပိုင်တနိုင်ဝင်ရောက် ပြီး ကူညီနိုင်တယ်ဆိုတဲ့အသိက ရေအကူအညီ ပေးတဲ့အပြင် တခြား လူမှုရေးလုပ်ငန်းတွေအတွက် ဒေသခံတွေ၏ အရင်းအမြစ်နှင့် စုပေါင်းလုပ်ကိုင်မှုကို အားပေးရာ လည်း ဖြစ်ပါသည်။

ဒေသခံတွေက သူတို့ဘာသာ သူတို့အချင်းချင်း ကူညီတာဖြစ်တာကြောင့် သက်ဆိုင်ရာ အစိုးရတွေ အာဏာပိုင်တွေနှင့်လည်း နား လည်မှု မဖြစ်သလို နှောက်ယှက်ပေးတာမျိုးလည်း ခံရမှု နည်းပါတယ်။ လူမှုရေးလုပ်ငန်းကို လူမှုရေး လုပ်ချင်သူတွေက သန့်သန့် ရှင်းရှင်း ဒေသခံတွေနှင့် အတူတူ လုပ်ချင်းက ပိုပြီး ခိုင်မာသလို ထိရောက်မှု ရှိတဲ့အပြင် ကုန်ကျစရိတ်မှာလည်း နည်းသွား ပါတယ်။ တချို့ ရွာသားတွေကိုလုပ်အားခ နေ့စားပေးပြီး ရေကူညီ ဖြန့်ဖြူးတဲ့ အလုပ်တွေမှာ ငှားရမ်း ခိုင်းစေခြင်အားဖြင့် ရေအလှူ ပေးတဲ့အ ပြင် ဒေသခံ လူတချို့အတွက် အလုပ်အကိုင်လေးတွေ ဝင်ငွေလေးတွေ ပေါ်လာအောင် ကူညီပေးရာ ဖြစ်တာမို့ Value-Add ဖြစ်နိုင် တာမို့ တတ်နိုင်သမျှ ကူညီပေးရန် မေတ္တာရပ်ခံပါသည်။

Wednesday, April 21, 2010

                                    

                              2010 သင်္ကြန်


ဒီသင်္ကြန်မှာ
ရန်ကုန်မှာ ဗုံးပေါက်ပြီး
မဲဆောက်မှာ ဂုံးထောက်တယ်...။


ဒီသင်္ကြန်မှာ
ကလေးတွေ ကပြီး
လူကြီးတွေ မတယ်...။


ဒီသင်္ကြန်မှာ
နိုင်ငံမဲ့တယောက်ကို
နိုင်ငံမသိသူတယောက်က
စကေဘာနဲ့ထိုးတယ်...။


ဒီသင်္ကြန်မှာ
တောကျားတကောင်က
 သူမျက်မုန်းကျိုးနေသူတွေကို
(စိတ်ကူးထဲကနေ)
AK 47 နဲ့ပယ်ပယ်နယ်နယ်ကြီး
လိုက်ပစ်တယ်..။


ဒီသင်္ကြန်မှာ
ထူ အ လှတဲ့
တောကျားတကောင်
ချောင်တချောင်မှာ မျက်နှာဖုံး တွေအကြောင်း
တွေးတယ်...ငေးတယ်...။

ဖြစ်နိုင်ရင်
ငယ်ငယ်က ပတ်ပြေးခဲ့ရတဲ့
မဏ္ဍပ်လေးကိုပဲ ပြန်ချင်တော့တယ်။

သည်လိုနဲ့ပဲ အစာမကြေတဲ့ရင်နဲ့
"တယ်" တွေများလှတဲ့ ကဗျာ
သည်နေရာမှာ မပြီးချင်ပဲ ပြီလိုက်ရရော...။  ။
 
ကြခတ် (ရင်း-၈)

music

Thursday, April 15, 2010

ဝိုင်းစုရဲ့ စကပ် ဒီထက်ပိုပြီးတိုခဲ့မယ်ဆိုရင်


မန္တလေးမှာ မကြာသေးမီက Red Cat ၀ီစကီ အရောင်းမြှင့်တင်မှု ဖျော်ဖြေပွဲပြုလုပ်ပါတယ်။
ရန်ကုန်က နာမည်ကျော် အမျိုးသား၊အမျိုးသမီး အဆိုတော်တွေ လာရောက်သီဆိုဖျော်ဖြေကြ ရာမှာ
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တစ်ဟုန်ထိုး နာမည်ကျော်ကြား လူကြိုက်များလာတဲ့ ၀ိုင်းစုခိုင်သိန်းလည်းပါဝင်ခဲ့ပါတယ်။ စင်မြင့်ပေါ်မှာ ၀ိုင်းစု ဘယ်လိုဝတ်စားဆင်ယင်ပြီး သီဆို ဖျော်ဖြေခဲ့သလဲဆိုတာ ပရိသတ်ကြီး မြင်တွေ့နိုင်စေဖို့ မျှဝေလိုက်ပါတယ်။အသံအားကောင်း ပြီးသား အဆိုကောင်းပြီးသား ၀ိုင်းစုဟာ သူမရဲ့သွယ်လျလျပေါင်တံတွေကို ပြစရာလို လို့လား လို့ တချို့ကဝေဖန်ကြတယ်။တချို့ကတော့ သူမရဲ့ စကပ် ဒီထက်ပိုပြီးတိုမယ် ဆိုရင် ဘာပြောေ ကာင်းမလဲလို့လည်း မချင့်မရဲဖြစ်ခဲ့ကြပါသတဲ့။

Thursday, April 8, 2010

ကာဂျစ္စတန်က အတိုက်အခံတွေ ‘ပြည်သူ့အစိုးရ’ ဖွဲ့စည်းလိုက်ပြီ

ကလေးများနေ့ဆောကျောင်းတွင်ကျင်းပ




ထိုင်းနိုင်ငံ မဲဆောက်မြို့ SAW ကျောင်းမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မြန်နိုင်ငံကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဖေဖော် ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ မဲဆောက်မြို့ပေါ်က ရွှေ့ပြောင်းမြန်မာကျောင်းတွေဖြစ်တဲ့ စေတနာကျောင်း၊ မိုးမခကျောင်း၊ ဆာမုထောကျောင်း၊ SAW ကျောင်းတို့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနား ပထမပိုင်းမှာ ကျောင်း သားလေးများရဲ့ ပြေးပွဲပြိုင်ပွဲများ ကျင်းပခြင်းနဲ့ ဒုတိယပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်များကို ဗိုလ်ချုပ် အမူအရာအတိုင်း မိန့်ခွန်းပြောပြိုင်များ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ကလေးများအတွက် သမိုင်းဗဟုသုတဖြစ်စေမယ့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ သမိုင်းမှတ်တမ်းဓါတ်ပုံများကိုလည်း ပြခန်းပြုလုပ် ပြသထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင်မိတ်ခွန်းပြောကြားခြင်း

မဲဆောက်အမှိုက်ပုံကို မှီခိုနေထိုင်သူ ဗမာပြည်သားများ အခက်အခဲတွေ့

မန္တလေးသား စစ်စစ်ကြီး တခန်းရပ်ပြဇာတ်


Real Mandalay Thar from chanmyasoe on Vimeo.

Sunday, April 4, 2010

ဇာတ်နာသူရဲ့ ဆု





မြောလွင့်နေတဲ့ တိမ်တစလို
လေနှင်ရာလွင့်ရင်း
အဖြေမရှိတဲ့ ပုစ္ဆာတပုဒ်ကို
အဖြေထုတ်မိရာက
ငွေရည်ဖွဲ့ ရွာချမိသတဲ့...

ပြီးဆုံးခြင်းတွေသာ တဖန်တလဲလဲ
အစပျောက် အလည်မရှိနဲ့
ဇာတ်ဝင်တေးမရှိတဲ့ ရုပ်ရှင်လိုပေါ့
အခါခါလဲလို့ ပြန်ထရပေမယ့်
ဒီတခါ ပိုပြင်းသလိုပဲ....

ထိုင်ခဲ့ဖူးတဲ့ မင်းသားကြီးဆိုင်လည်း
အသစ်သစ်တွေဖြစ်လို့
ငယ်ငယ်က ဗိုလ်အောင်ဒင်ဇာတ်လမ်းတွေ မကြိုက်ပေမယ့်
ခုတော့ သူ့စကားငှားရမလို
(မမြ၀င်းရယ် ကျနော့်ဘက်သာရဲရဲကြီးနင်းလိုက်ပါ)

ပိုင်ဆိုင်ချင်တာ အပြစ်ဆိုရင်
ငွေရည်မဖွဲ့မိပါဘူး
အခုတော့ .... အလုံးအရင်းရွာတော့မယ်ဆိုမှ
ဇာတ်ကနာရော

ပထမ မမှန်းခဲ့ပေမယ့်
ဒုတိယနေရာတောင် မရခဲ့ဘူး
ဒိုနှစ်ယောက်ကြား ခြားနားခြင်းတွေ
များတယ်ကွယ်......

ခုတော့ ချစ်သူကို
(တဖက်သတ်ပါ)
ဖွင့်ပြောလိုက်ရတာနဲ့ပဲ
ကျေနပ်နေရရော


အို အဖဘုရားသ္ခင်
ကိုယ်တော်ရှင် နားညောင်းတော်မူပါ
အကျွန်ုပ်သည် ရာသက်ပန်
အရက်ဖြတ်ခြင်းဖြင့်
သူမလေးကို ချစ်ပါသည်

နှိမ့်ချခြင်းပေါင်းများစွာဖြင့်
သူမလေးကို ချစ်ပါသည်

ရှိရှိသမျှ အချစ်တွေအကုန်လုံး
သူမလေးကို ပုံပေးခြင်းဖြင့်
သူမလေးကို ချစ်ပါသည်

ကိုယ်တော်ရှင်၏ နာမတော်၌ တိုင်တည်၍
တောင်းလျှောက်ပါ၏
ကိုယ်တော်ရှင် နားညောင်းတော် မူပါ
အိုအဖဘုရားသ္ခင်

"အာမင်"
ကြခတ် ရင်း(၈)

I PLAY THIS GAME AND THIS GUN

Saturday, March 13, 2010

အို...အို...မိခင်





အို...အို...မိခင်
ကော့လန်ကော့လန်...ခြေဖြင့်ကန်လည်း
ဒေါမာန်မပါ...ချစ်မျက်နှာနှင့်
ကျုံးကာရစ်ပတ်...မွှေးခဲ့ရှာ၏ ။
အော့အန်အော့အန်...တံတွေးလျံဖြင့်
ထွေးပြန်သော်လဲ...ချစ်ပိုက်ကဲ၍
စိုရွှဲနှပ်ရေ...ပါးစပ်ပေအောင်
ကပ်လေစုပ်ကာ...လွေးခဲ့ရှာ၏ ။
ဆော့ပြန်ဆော့ပြန်...မျောက်သဏ္ဍန်လို
ခံနိုင်စရာ...မရှိပါအောင်
ဝတ်တာကိုဖြဲ...ထည့်တာခွဲလည်း
သည်းညီးခံကာ...ကျွေးခဲ့ရှာသည်။
ပေါ့တန်ပေါ့တန်...ပြောမခံလည်း
ချော့ဟန်ချောက်ဟန်...မေတ္တာမှန်ဖြင့်
ဘေးရန်ကင်းပ...ချမ်းမြအေင်ပေ
အမေစိတ်နဲ့...မှေးသိပ်ရှာ၏ ။

Friday, July 10, 2009

Saturday, June 20, 2009

မဲဆောက်မြို့ရှိ ထိုင်း မြန်မာကျောင်းသားများ တွေ့ဆုံပွဲ (ရုပ်သံ)






မဲဆောက်မြို့ မတ်တပ်ကိုယ်တော်ကျောင်းဘေးရှိ ထိုင်းအထက်တန်းကျောင်းခမ်းမမှာ ၁၉ ဇွန်လ နေ့ လယ်က ထိုင်းမြန်မာ ကျောင်းသားများ တွေ့ဆုံပွဲ တခုကို ကျင်းပခဲ့ပါတယ်။ ဒီ အခမ်းအနားကို မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူကျောင်းသားများ ထိုင်းအစိုးရကျောင်းများမှ ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြပါတယ်။

ထိုင်းမြန်မာ ကျောင်းသားများတွေ့ဆုံပွဲကို လာရောက်ပူးပေါင်းအားဖြည့်တဲ့ အဖွဲ့တဖွဲ့လည်းရှိပါသေး တယ် အဲဒီအဖွဲ့က

Sunday, May 10, 2009

Thursday, April 30, 2009