Wednesday, April 21, 2010

                                    

                              2010 သင်္ကြန်


ဒီသင်္ကြန်မှာ
ရန်ကုန်မှာ ဗုံးပေါက်ပြီး
မဲဆောက်မှာ ဂုံးထောက်တယ်...။


ဒီသင်္ကြန်မှာ
ကလေးတွေ ကပြီး
လူကြီးတွေ မတယ်...။


ဒီသင်္ကြန်မှာ
နိုင်ငံမဲ့တယောက်ကို
နိုင်ငံမသိသူတယောက်က
စကေဘာနဲ့ထိုးတယ်...။


ဒီသင်္ကြန်မှာ
တောကျားတကောင်က
 သူမျက်မုန်းကျိုးနေသူတွေကို
(စိတ်ကူးထဲကနေ)
AK 47 နဲ့ပယ်ပယ်နယ်နယ်ကြီး
လိုက်ပစ်တယ်..။


ဒီသင်္ကြန်မှာ
ထူ အ လှတဲ့
တောကျားတကောင်
ချောင်တချောင်မှာ မျက်နှာဖုံး တွေအကြောင်း
တွေးတယ်...ငေးတယ်...။

ဖြစ်နိုင်ရင်
ငယ်ငယ်က ပတ်ပြေးခဲ့ရတဲ့
မဏ္ဍပ်လေးကိုပဲ ပြန်ချင်တော့တယ်။

သည်လိုနဲ့ပဲ အစာမကြေတဲ့ရင်နဲ့
"တယ်" တွေများလှတဲ့ ကဗျာ
သည်နေရာမှာ မပြီးချင်ပဲ ပြီလိုက်ရရော...။  ။
 
ကြခတ် (ရင်း-၈)

No comments:

Post a Comment