Sunday, April 4, 2010

ဇာတ်နာသူရဲ့ ဆု





မြောလွင့်နေတဲ့ တိမ်တစလို
လေနှင်ရာလွင့်ရင်း
အဖြေမရှိတဲ့ ပုစ္ဆာတပုဒ်ကို
အဖြေထုတ်မိရာက
ငွေရည်ဖွဲ့ ရွာချမိသတဲ့...

ပြီးဆုံးခြင်းတွေသာ တဖန်တလဲလဲ
အစပျောက် အလည်မရှိနဲ့
ဇာတ်ဝင်တေးမရှိတဲ့ ရုပ်ရှင်လိုပေါ့
အခါခါလဲလို့ ပြန်ထရပေမယ့်
ဒီတခါ ပိုပြင်းသလိုပဲ....

ထိုင်ခဲ့ဖူးတဲ့ မင်းသားကြီးဆိုင်လည်း
အသစ်သစ်တွေဖြစ်လို့
ငယ်ငယ်က ဗိုလ်အောင်ဒင်ဇာတ်လမ်းတွေ မကြိုက်ပေမယ့်
ခုတော့ သူ့စကားငှားရမလို
(မမြ၀င်းရယ် ကျနော့်ဘက်သာရဲရဲကြီးနင်းလိုက်ပါ)

ပိုင်ဆိုင်ချင်တာ အပြစ်ဆိုရင်
ငွေရည်မဖွဲ့မိပါဘူး
အခုတော့ .... အလုံးအရင်းရွာတော့မယ်ဆိုမှ
ဇာတ်ကနာရော

ပထမ မမှန်းခဲ့ပေမယ့်
ဒုတိယနေရာတောင် မရခဲ့ဘူး
ဒိုနှစ်ယောက်ကြား ခြားနားခြင်းတွေ
များတယ်ကွယ်......

ခုတော့ ချစ်သူကို
(တဖက်သတ်ပါ)
ဖွင့်ပြောလိုက်ရတာနဲ့ပဲ
ကျေနပ်နေရရော


အို အဖဘုရားသ္ခင်
ကိုယ်တော်ရှင် နားညောင်းတော်မူပါ
အကျွန်ုပ်သည် ရာသက်ပန်
အရက်ဖြတ်ခြင်းဖြင့်
သူမလေးကို ချစ်ပါသည်

နှိမ့်ချခြင်းပေါင်းများစွာဖြင့်
သူမလေးကို ချစ်ပါသည်

ရှိရှိသမျှ အချစ်တွေအကုန်လုံး
သူမလေးကို ပုံပေးခြင်းဖြင့်
သူမလေးကို ချစ်ပါသည်

ကိုယ်တော်ရှင်၏ နာမတော်၌ တိုင်တည်၍
တောင်းလျှောက်ပါ၏
ကိုယ်တော်ရှင် နားညောင်းတော် မူပါ
အိုအဖဘုရားသ္ခင်

"အာမင်"
ကြခတ် ရင်း(၈)

No comments:

Post a Comment