Sunday, May 16, 2010

ရေ အကူအညီပေးဖို့ မေတ္တာရပ်ခံစာ ...



သောက်ရေ သုံးရေ အခက်အခဲ ဖြစ်နေတဲ့ ရွာတွေ၏ အခြေအနေ တခုကို တင်ပြလိုပါတယ်။ မြန်မာပိုင် အထက်ပိုင်း အညာဒေသမှာ နေအပူချိန်က ၄၅ ဒီဂရီကနေ ၄၈ ဒီဂရီအထိ ပူချိန်က စံချိန်တင်နေပြီးနေတာလည်း ပိုရှည်လိုဖြစ်တာကြောင့် ရေတွင်းရေကန်းတွေမှာ ရေတွေ ခန်းခြောက်သွားလို့ ဒေသခံတွေအတွက် ရေအခက်အခဲ ဖြစ်နေပါတယ်။ လူတွေအပါအ၀င် ကျွဲးနွား သိုး ဆိတ် မြင်းတွေပါ ရေရှားပါးလို့ အတော်ကို အခက်ဖြစ်နေပါတယ်။ ဒီအတိုင်းဆိုရင် တိရိစ္ဆာန်တွေသာမက လူတွေပါ ဘေးအန္တရာယ် ဖြစ်နေပါတယ်။

အထူးသဖြင် မုံရွာခရိုင် ချောက် မြင်းခြံ ပခုက္ကူ ကျောက်ပန်းတောင်းနှင့် ရေနံချောင်းဒေသက ကုန်းတွင်းကျတဲ့ ရွာတွေမှာ ပိုပြီး အ ခက်အခဲ ဖြစ်နေပါတယ်။ ရွာသူရွာသားတွေ အားထားရတဲ့ ရေကန်တွေ ခန်းခြောက်သွားတဲ့အပြင် ရေးတွင်းတွေမှာလည်း သိသိ သာသာ ရေတွေ ခန်းကုန်တာမို့ သောက်သုံးရေးအတွက် ဝိုင်းဝန်း ကူညီပေးရန် မေတ္တာရပ်ခံလိုပါတယ်။

အထူးသဖြင့် မုံရွာ ခရိုင်းအတွင်းရှိ မုံရွာမြို့နယ်အတွင်းက ကျောင်းကုန်း သာစည် ကံပြားစသည့် အရပ်ဒေသများ။ ဆာလင်းကြီးမြို့ နယ် အတွင်းက ကံကုန်း ဒုန်းတော တယ်ပင်ခံ တောင်ပလူရွားများနှင့် ယင်းမာပင်မြို့နယ် အတွင်းက ဆည်လောင် ကျောက်ပြုတ် သကြားစက် စသည့် ရွာများမှာ ရေအခက်အခဲ ဖြစ်နေပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ စိတ်ချရမည့် လူငယ်တွေ ဖြစ်တာကြောင့် ရေအကူအညီ ရေလှူဒါန်းမည်ဆိုပါက တာဝန်ခံဆောင်ရွက် ကူညီ ပေးနိုင်မည့်သူ ရှိသည့်အပြင် အလှူငွေကြေးနှင့် လိုအပ်တဲ့သူတွေထံရေကို အမြန်ဆုံး ရရှိအောင် လှူဒါန်းပေးရန် ဆန္ဒရှိပါသည်။ အ လှူငွေစာရင်းနှင့် ကုန်ကျစရိတ် ပြေစာဖြတ်ပိုင်းနှင့် ဓာတ်ပုံ အထောက်အထားများကိုလည်း စနစ်တကျဖြင့် လှူဒါန်းမည် အလှူရှင် များသိရှိစေရန် တင်ပြပေးရန် စီစဉ်ပေးနိုင်ပါသည်။

ဘယ်ရွာတွေကို ဘယ်နေ့က ဘာတွေ ဘယ်လောက် လှူဒါန်းခဲ့ကြောင်း ဘယ်သူတွေက တာဝန်ခံ ကူညီလုပ်ဆောင်ခဲ့ကြောင်းတွေ နှင့် လူဘယ်နှစ်ဦး မိသားစု ဘယ်နှစ်ကို ကူညီပြီး ဘယ်ရွာတွေမှာ ရေ အကူအညီတွေ ပေးခဲ့ကြောင်း စနစ်တကျ အကြောင်း ပြန်ပေး မည် ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း ရေကို လှူတဲ့အခါမှာလည်း ရေသန့်ဘူးတွေကို မြို့ကနေ ဝယ်ပြီး ကားတွေနှင့် သွားလှူတာမျိုး မဟုတ်ပဲ ကုန်ကျစရိတ် သက်သာတဲ့အပြင် ရေလည်းများများရအောင် ပလိပ်စတိတ် ဗူး ၃ ဂါလံ ၅ ဂါလံ ဗူးအခွံတွေကို ဝယ်ပြီး အနီးတဝက်မှာ ရှိတဲ့ ယင်းမာချောင်းကနေလည်းကောင်း ချင်းတွင်းမြစ်ကနေလည်းကောင်း ရေတွေကို ဗူးတွေထဲမှာ ထည့်ပြီး ထွေလာဂျီတွေ လှည်း တွေဖြင့် ရေအခက်အခဲရှိနေဖြစ်နေတဲ့ ရွာတွေကို သွားရောက်လှူဒါန်းလျင် ကုန်ကျငွေ သက်သာတဲ့အပြင် ဒေသအတွင်းမှာရှိတဲ့ ရေအရင်းအမြစ်ကို အခြေခံပြီး ဒေသခံတွေ၏ ပါဝင်မှုတွေ လုပ်အားတွေဖြင့်ဆိုရင် ပိုပြီး လူ များများကို ရေများများ အကုန်ကျစရိတ် သက်သာစွာဖြင့် ကူညီပေးနိုင်မည် ဖြစ်ပါသည်။ တချိန်တည်းမှာ ဒေသအတွင်းရှိ လူငယ်လူရွယ်လေးတွေ၏ ပါဝင်မှုကိုပါ ရရှိမှာ ဖြစ်တဲ့အတွက် ဆိုင်ကနေ ရေသန့်ဘူး ဝယ်ပြီး ပေးခဲ့တာထက်ရေရှိတဲ့ အရပ်ကနေ ရေ မရှိတဲ့အရပ်ကို ရေတွေ ကူညီပေးနိုင်အောင် ဗူးတွေဖြင့် ရေဖြည့်ပြီး လူဒါန်းခြင်းက ရေရှည်လည်း ခံမည်။ ရွာတွေအတွင်းမှာလည်း လူငယ်တွေအကြား အချင်းချင်း ကူညီ ၀ိုင်းဝန် ရမည်ဆိုသည့် အသိအပြင် သူတို့ဒေသ၏ အခက်အခဲကို သူတို့ကိုင်တိုင် တပိုင်တနိုင်ဝင်ရောက် ပြီး ကူညီနိုင်တယ်ဆိုတဲ့အသိက ရေအကူအညီ ပေးတဲ့အပြင် တခြား လူမှုရေးလုပ်ငန်းတွေအတွက် ဒေသခံတွေ၏ အရင်းအမြစ်နှင့် စုပေါင်းလုပ်ကိုင်မှုကို အားပေးရာ လည်း ဖြစ်ပါသည်။

ဒေသခံတွေက သူတို့ဘာသာ သူတို့အချင်းချင်း ကူညီတာဖြစ်တာကြောင့် သက်ဆိုင်ရာ အစိုးရတွေ အာဏာပိုင်တွေနှင့်လည်း နား လည်မှု မဖြစ်သလို နှောက်ယှက်ပေးတာမျိုးလည်း ခံရမှု နည်းပါတယ်။ လူမှုရေးလုပ်ငန်းကို လူမှုရေး လုပ်ချင်သူတွေက သန့်သန့် ရှင်းရှင်း ဒေသခံတွေနှင့် အတူတူ လုပ်ချင်းက ပိုပြီး ခိုင်မာသလို ထိရောက်မှု ရှိတဲ့အပြင် ကုန်ကျစရိတ်မှာလည်း နည်းသွား ပါတယ်။ တချို့ ရွာသားတွေကိုလုပ်အားခ နေ့စားပေးပြီး ရေကူညီ ဖြန့်ဖြူးတဲ့ အလုပ်တွေမှာ ငှားရမ်း ခိုင်းစေခြင်အားဖြင့် ရေအလှူ ပေးတဲ့အ ပြင် ဒေသခံ လူတချို့အတွက် အလုပ်အကိုင်လေးတွေ ဝင်ငွေလေးတွေ ပေါ်လာအောင် ကူညီပေးရာ ဖြစ်တာမို့ Value-Add ဖြစ်နိုင် တာမို့ တတ်နိုင်သမျှ ကူညီပေးရန် မေတ္တာရပ်ခံပါသည်။

No comments:

Post a Comment